Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူ အမျိုးသမီး တစ်ဦးအား တိုက်မိ၍ သေဆုံး

       ၂၀၂၅ ခုနှစ်၊ မေ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူ အမျိုးသမီး တစ်ဦးအား တိုက်မိ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၃ ရက် နံနက် ၅ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းပေါ် အိုးဘိုလမ်းထိပ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်နေ မင်းသိန်းကျော်(၂၄)နှစ် မောင်းနှင်လာသည့် YGN-41/4C-XXXX SUZUKI CARRY မော်တော်ယာဉ်သည် ကမ်းနားလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် အိုးဘိုလမ်းထိပ်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်နေ ဒေါ်ထားထားချို(၅၅)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်ထားထားချိုတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် မင်းသိန်းကျော်အား ကြည့်မြင်တိုင်မြို့မရဲစခန်း ယာဉ်(ပ)၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူ အမျိုးသမီး တစ်ဦးအား တိုက်မိ၍ သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။