၂၀၂၅ ခုနှစ်၊ မေ ၄ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ကော့ကရိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ်(၄)ရပ်ကွက်အရောက် မသင်္ကာဖွယ်တွေ့ရှိသူ အမှတ်(၇)ရပ်ကွက်နေ ဂျူနိုက်(ခ)အောင်ကိုဦး(၃၅)နှစ်အား စစ်ဆေးခဲ့ရာ ၎င်း၏လွယ်အိတ်အတွင်းမှ အရိုး/အသွား ၁၇ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဂျူနိုက်(ခ)အောင်ကိုဦးအား ကော့ကရိတ်မြို့မရဲစခန်း (ပ)၁၂/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။