Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိ

       ၂၀၂၅ ခုနှစ်၊ မေ ၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၄ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(စစ်ကိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ ပင်လယ်ဘူးမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်၊ မိချောင်းအင်းကျေးရွာနေ အောင်နိုင်ဦး(၄၂)နှစ် မောင်းနှင်လာသော MDY-17/RLG-XXXX TOYOTA LANDCRUISER PRADO ခဲရောင် မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသောကြောင့် အောင်နိုင်ဦးအား ရွာသစ်ကြီးနယ်မြေရဲစခန်း (ပ)၂၄/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း။
    အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဌာနီအရှေ့ရပ်ကွက်နေ လွင်မင်း(၄၄)နှစ် မောင်းနှင်လာသည့် MDY-12/6P-XXXX MITSUBISHI FUSO ခဲရောင် မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသောကြောင့် လွင်မင်းအား စစ်ကိုင်းမြို့မရဲစခန်း (ပ)၁၄၄/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။