၂၀၂၅ ခုနှစ်၊ မေ ၅ ရက် နံနက် ၁၁ နာရီ ၁ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္မဝတီရပ်ကွက်၊ အကွက်(၄၉)၊ (၈၄)လမ်း၊ ပတီးလမ်းရပ်ရှိ ပိုင်ရှင် ဦးဝင်းကျော်၏ ၁၅ x ၁၅ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ အုတ်ခင်း၊ မြေစိုက် တစ်ထပ် ဂတ်(စ်)ဆိုင်တွင် ဂတ်(စ်)အိုးအကြီးမှ အရည်ခွဲစက်ဖြင့် PORTABLE ဂတ်(စ်)အိုးအသေးသို့ ဂတ်(စ်)အရည်ဖြည့်ရာ PRESSURE လိုအပ်သည်ထက် ပိုမိုဖြည့်မိရာမှ ပွင့်ထွက်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၇ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၁၅ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ အုတ်ခင်း၊ မြေစိုက် တစ်ထပ် ဆိုင်ခန်း တစ်ခန်း၊ ၂၀ x ၃၀ ပေ၊ နံကပ် နှစ်ထပ် နေအိမ်အပေါ်ထပ်၊ ဂက်(စ်)အိုးအကြီး လေးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်း ဆိုင်တာဝန်ခံ ဦးကျော်မိုးလွင်အား ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၀)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။