၂၀၂၅ ခုနှစ်၊ မေ ၅ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားဝင်းအတွင်းရှိ မဟာသာသနာဗိမာန်တော်ကြီး၌ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းသို့ ယာယီလာရောက်နေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသည့် အိမ်ထောင်စုများအား တစ်ဦးလျှင် ၂၀,၀၀ဝ ကျပ်နှုန်းဖြင့် နှစ်လစာအတွက် လူဦးရေ ၃၃၇ ဦးအား စုစုပေါင်းထောက်ပံ့ငွေ ၁၃,၄၈၀,၀၀ဝ ကျပ် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားဝင်းအတွင်းရှိ မဟာသာသနာဗိမာန်တော်ကြီး၌ ယာယီလာရောက်နေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။