၂၀၂၅ ခုနှစ်၊ မေ ၄ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်၊ အရှေ့ကျေးရွာအုပ်စု၊ ကုန်းပင်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သော သာမဏေများ ပရိယတ္တိနွေရာသီသင်တန်းဆင်းပွဲအခမ်းအနား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရပ်အလိုက် သင်ကြားပို့ချပေးသော ဆရာ/ဆရာမများ၊ အလှူရှင်နှင့် စေတနာရှင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘာသာရပ်အလိုက် သင်ကြားပို့ချပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ အလှူရှင်နှင့် စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်၊ ကုန်းပင်းဘုန်းတော်ကြီးကျောင်း၌ သာမဏေများ ပရိယတ္တိနွေရာသီသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။