၂၀၂၅ ခုနှစ်၊ မေ ၅ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၅ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ဒေါနလမ်း၌ လမ်းလျှောက်လာသူ သန်းထိုက်(ခ)အာလီ(၂၉)နှစ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းထံမှ အရိုး/အသွား ၁၅ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် သန်းထိုက်(ခ)အာလီအား ကော့ကရိတ်မြို့မရဲစခန်း (ပ)၁၃/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။