၂၀၂၅ ခုနှစ်၊ မေ ၆ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားဝင်းအတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် နေရပ်စွန့်ခွာပြည်သူများအား နှစ်လစာ တစ်ဦးလျှင် ထောက်ပံ့ငွေ ၄၀,၀၀ဝ ကျပ်ဖြင့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားဝင်းအတွင်းရှိ နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။