Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ၂၀၂၅ ခုနှစ်၊ မေ ၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များနှင့် သိုလှောင်ရုံနေရာများအား ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားမှုမရှိစေရေး၊ ရောင်းချခြင်းမရှိဘဲ ကြာရှည်သိုလှောင်ထားခြင်းများမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့အတွက် မြို့နယ်မြေပြင် ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။