Language: Myanmar English

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု၊ နားကုန်းကျေးရွာ၊ နားကုန်းပရိယတ္တိစာသင်တိုက်၌ ဝမ်ဟတ်တိုက်နယ်အတွင်းရှိ ဓမ္မစကူးသင်တန်းကျောင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

    ၂၀၂၅ ခုနှစ်၊ မေ ၅ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု၊ နားကုန်းကျေးရွာ၊ နားကုန်းပရိယတ္တိစာသင်တိုက်၌ ဝမ်ဟတ်တိုက်နယ် အတွင်းရှိ ဓမ္မစကူးသင်တန်းကျောင်း ၂၆ ကျောင်း၊ သင်တန်းနည်းပြ ဆရာ/ဆရာမ ၂၁၄ ဦးနှင့် ကျောင်းသား/သူ ၂,၃၁၅ ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သောထောက်ပံ့ငွေ ၂၀,၀၀၀,၀၀ဝ ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု၊ နားကုန်းကျေးရွာ၊ နားကုန်းပရိယတ္တိစာသင်တိုက်၌ ဝမ်ဟတ်တိုက်နယ်အတွင်းရှိ ဓမ္မစကူးသင်တန်းကျောင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။