Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ အွန်လိုင်းလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူ

    ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ အွန်လိုင်းလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။
    ဖြစ်စဉ်မှာ မေ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်နေ ညီညီအောင်(ခ)ထားဝယ်သား(ခ)ဝတုတ်(၄၀)နှစ်၏နေအိမ်၌ အွန်လိုင်း လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ညီညီအောင်(ခ)ထားဝယ်သား(ခ)ဝတုတ်နှင့် တစ်ရပ်ကွက်တည်းနေ မခင်ပြည့်ဝင်း(၁၇)နှစ်တို့ နှစ်ဦးအား အွန်လိုင်းလောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁,၀၂၅,၀၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား မြိတ်မြို့မရဲစခန်း (ပ)၇၅/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ အွန်လိုင်းလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။