Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ 

     ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝက်သိုက်ကျေးရွာလမ်းဆုံစစ်ဆေးရေးဂိတ်တွင် အမှတ်(၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကံပြားကျေးရွာမှ မကွေးမြို့သို့ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အောင်သပြေရပ်ကွက်နေ ကျော်သူထွန်း(၄၀)နှစ် မောင်းနှင်လာသော YGN-17/9I-XXXX HONDA FIT အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ကျော်သူထွန်းအား မကွေးနယ်မြေရဲစခန်း (ပ)၆၈/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။