Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ယစ်မျိုးဆိုင်များ၏ ယစ်မျိုးလိုင်စင် တည်နေရာပြောင်းလျှောက်ထားလာမှုအား ကွင်းဆင်းစစ်ဆေး

    ၂၀၂၅ ခုနှစ်၊ မေ ၆ ရက် မွန်းလွဲ ၄ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်သည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့နယ်အတွင်းရှိ ယစ်မျိုးဆိုင်များ၏ ယစ်မျိုးလိုင်စင်တည်နေရာပြောင်း လျှောက်ထားလာမှုအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ယစ်မျိုးဆိုင်များ၏ ယစ်မျိုးလိုင်စင် တည်နေရာပြောင်းလျှောက်ထားလာမှုအား ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။