၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၄ ရက် ညနေ ၅ နာရီ ၃၀ တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက် သထုံ-ဘားအံကားလမ်းပေါ်၌ သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် သုဓမ္မဝတီမြို့သစ်မှ ဘင်လှိုင်ရပ်ကွက်သို့ အဆိုပါရပ်ကွက်နေ မျိုးမင်းဆန်း(၂၈)နှစ် မောင်းနှင် လာသည့် YGN-21/4K-XXXX HONDA FIT ခဲဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း သိရှိရသဖြင့် မျိုးမင်းဆန်း အား သထုံမြို့မရဲစခန်း (ပ)၇၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။