Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မေ ၂၄ ရက်က နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ မေ ၂၄ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ညောင်ရွှေမြို့နယ်၊ နန်းပန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မိုင်းပျိုးကျေးရွာ စက်လှေဆိပ်အရောက်၌ လမ်းလျှောက်လာသူ ရေတန်းကျေးရွာနေ မျိုးသန့်(ခ)အယ်ပြည့်(၂၂)နှစ်အား စစ်ဆေးရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မျိုးသန့်(ခ)အယ်ပြည့်အား နန်းပန်နယ်မြေရဲစခန်း (ပ)၁၅/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူ အမျိုးသားနှင့် သက်သေခံပစ္စည်းများ မှတ်တမ်းဓာတ်ပုံ။