၂၀၂၅ ခုနှစ်၊ မေ ၂၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၀န်ထမ်းသား/သမီးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ဝန်ထမ်းသား/သမီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သား/သမီးများ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ အခြေခံပညာ မူလတန်းအဆင့် ၇ ဦး၊ အလယ်တန်းအဆင့် ၈ ဦး၊ အထက်တန်းအဆင့် ၅ ဦး၊ အဆင့်မြင့်ပညာတက္ကသိုလ် အဆင့် ၉ ဦး စုစုပေါင်း ၂၉ ဦးတို့အား ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။