Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောမှ မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာရရှိ

      ၂၀၂၅ ခုနှစ်၊ မေ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်တက်ကာ တစ်ဖက်ယာဉ်ကြောမှ မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ မေ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ မြို့မရပ်ကွက်၊ ရန်ကုန်-ပဲခူးကားလမ်းမကြီးပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-ပဲခူးကားလမ်းမကြီးအတိုင်း ရန်ကုန်မြို့မှ ပဲခူးမြို့သို့ လှည်းကူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ကျော်ဝင်းသန်း(၃၄)နှစ် မောင်းနှင် လာသည့် BGO-11/3K-XXXX MITSUBISHI ROSA မော်တော်ယာဉ်သည် လှည်းကူးမြို့၊ မြို့မရပ်ကွက် “ဇင်ယော်” မိတ္တူဆိုင်ရှေ့အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်တက်ကာ တစ်ဖက် ယာဉ်ကြောမှ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်နေ ကိုမျိုးမြင့်ကျော်(၂၈)နှစ် မောင်းနှင်လာသည့် YGN-13/5E-XXXX MITSUBISHI FUSO မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် MITSUBISHI ROSA ယာဉ်ပေါ်လိုက်ပါလာသည့် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ (က)ရပ်ကွက်နေ ဒေါ်အေးအေးမွန်(၄၃)နှစ်ပါ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦး တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ကျော်ဝင်းသန်း အား လှည်းကူးမြို့မရဲစခန်း ယာဉ်(ပ) ၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောမှ မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။