၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဆိုင်ကယ် နှစ်စီး တိုက်မိ၍ တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၂ ရက် ည ၈ နာရီ ၅၅ မိနစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါဆပ်ရပ်ကွက်၊ ပါဆပ်ဘုန်းကြီးကျောင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အာခါဈေးမီးပွိုင့်ဘက်မှ ဟောင်လိတ်မီးပွိုင့်ဘက်သို့ ပါဆပ်ရပ်ကွက်နေ စိုင်းခမ်းနွန်း (၂၁)နှစ် မောင်းနှင်ပြီး တာလေမြို့နေ နန်းလောင်ခမ်း(၁၉)နှစ် လိုက်ပါလာသည့် SHN-XXXX WAVE 125 ဆိုင်ကယ်သည် ပါဆပ်ဘုန်းကြီးကျောင်းလမ်းဘက်သို့ ချိုးကွေ့စဉ် ဟောင်လိတ်မီးပွိုင့်ဘက်မှ အာခါဈေးမီးပွိုင့်ဘက်သို့ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်နေ စိုင်းလင်းလင်းလတ်(၄၁)နှစ် မောင်းနှင်သည့် SHN-XXXX WAVE-110 ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့၍ စိုင်းခမ်းနွန်း၊ နန်းလောင်ခမ်းနှင့် စိုင်းလင်းလင်းလတ်တို့ သုံးဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိထားသည်ကို တွေ့ရှိရသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေစဉ် စိုင်းလင်းလင်းလတ်မှာ ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် စိုင်းခမ်းနွန်း အား ဟောင်လိတ်နယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဆိုင်ကယ် နှစ်စီး တိုက်မိ၍ တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။