၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက်က မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ ထားဝယ်စုလမ်းထိပ်၌ ပေါင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သရက်ညီနောင်ရပ်ကွက်နေ ရဲသက်လွင်(၄၂)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အားလည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာ၊ သာယာကုန်းတိုးဂိတ်၌ မုဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့နယ်၊ ရိုးဂိုးရွာဟောင်းကျေးရွာနေ သန်းထွန်းဦး(၄၀)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အားလည်းကောင်း၊ အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ် နှင်းဆီလမ်းထိပ်၌ သုဓမ္မဝတီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်နေ ခိုင်မင်းသိန်း(၃၇)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အားလည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၌ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်နေ ဇော်မင်းဦး(ခ)ဟာနစ်(၃၃)နှစ် မောင်းနှင်သော ဘက်ထရီ ဆိုင်ကယ်အားလည်းကောင်း အသီးသီး ရပ်တန့်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ရဲသက်လွင်၊ သန်းထွန်းဦး၊ ခိုင်မင်းသိန်းနှင့် ဇော်မင်းဦး(ခ)ဟာနစ်တို့ လေးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။