၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အမျိုးသား တစ်ဦးအား တိုက်မိကာ တိမ်းမှောက်၍ ယာဉ်မောင်းအပါ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တိုမြောက်ကျေးရွာအနီး တွံတေး-လှိုင်သာယာသွားကားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကားလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဇိတာရပ်ကွက်နေ မောင်မောင်ဝင်း(၅၂)နှစ် မောင်းနှင်လာသည့် MDY-16/2S-XXXX ISUZU VAN မော်တော်ယာဉ်သည် တွံတေး-လှိုင်သာယာကားလမ်း မိုင်တိုင်အမှတ် ၁၀ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ တွံတေးမြို့နယ်၊ ဘုရားငုတ္တိုတောင်ကျေးရွာနေ အောင်ကိုလတ်(၄၆)နှစ်အား ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခဲ့သဖြင့် မောင်မောင်ဝင်းနှင့် အောင်ကိုလတ်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် မောင်မောင်ဝင်း အား တွံတေးမြို့မရဲစခန်း ယာဉ်(ပ)၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အမျိုးသား တစ်ဦးအား တိုက်မိကာ တိမ်းမှောက်၍ ယာဉ်မောင်းအပါ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။