Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၌ ဖဲရိုက် လောင်းကစားပြုလုပ်သူ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၌ ဖဲရိုက် လောင်းကစားပြုလုပ်သူ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ကျော့မောင်ငယ်ကျေးရွာနေ ဦးတင်ညွန့်(ခ)ကျော်ညွန့်(၇၀)နှစ်၏နေအိမ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ညောင်ရွှေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရာ အဆိုပါနေအိမ်၌ ဦးတင်ညွန့်(ခ)ကျော်ညွန့်ပါ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖဲရိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ညောင်ရွှေမြို့မရဲစခန်း (ပ)၄၆/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။