၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရပ်ရွာလူထု၏ သဘာဝဘေးများအပေါ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ပိုမိုမြင့်မားရေးနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေး ဗဟုသုတများ ပိုမိုသိရှိလာစေရေး ဟောပြောပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၂၀၀ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ရပ်ရွာလူထု၏ သဘာဝဘေးများအပေါ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ပိုမိုမြင့်မားရေးနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံ။