Language: Myanmar English

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သွားလာနေသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ

      ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်က ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သွားလာနေသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

      ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လားရှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် လားရှိုးမြို့၊ ရပ်ကွက်(၉)၊ ရွှေဗြုန်းတောင်လမ်းမပေါ်အရောက်၌ အဆိုပါရပ်ကွက်နေ သက်မင်းကိုကို(ခ)ငသက် (၂၄)နှစ်အား အရိုး/အသွား ၃၄ လက်မခန့်ရှိ ဓားဦးချွန်(အရှည်) တစ်ချောင်းအား ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သက်မင်းကိုကို(ခ)ငသက် အား လားရှိုးနယ်မြေရဲစခန်း (ပ)၄၇/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း။

      အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၆၆ x ၁၃၉ လမ်းထောင့်အရောက်၌ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာနေ  သားသား(ခ)မေဒေး(၂၈)နှစ်အား တွေ့ရှိစစ်ဆေးခဲ့ရာ ၎င်း၏ ခါးကြားမှ အရိုး/အသွား ၁၈ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့သဖြင့် သားသား(ခ)မေဒေး အား စက်မှုနယ်မြေရဲစခန်း (ပ)၇၈/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သွားလာနေသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။