Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ မဟာသုခလမ်း၌ သစ်ပင်လဲကျမှု

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့မြို့နယ်၊ ကျီတော်ရပ်ကွက်၊ မဟာသုခလမ်း၌ လုံးပတ် ၄ ပေ၊ အမြင့် ၃၅ ပေခန့်ရှိ သရက်ပင်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြစ်မခိုင်ဘဲ ရပ်ထားသော ယာဉ်အမှတ် EE-XXXX TOYOTA PASSO အဖြူရောင် Taxi ယာဉ် တစ်စီးပေါ်သို့ လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၄၄ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။
   အဆိုပါဖြစ်စဉ်ကြောင့် TOYOTA PASSO အဖြူရောင် Taxi ယာဉ်၏ ဝဲဘက်ခြမ်း အမိုးအနည်းငယ် ချိုင့်ဝင်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။