Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူများအား ဝင်ရောက်တိုက်မိ၍ လမ်းဖြတ်ကူးသူ အမျိုးသမီး နှစ်ဦး သေဆုံး 

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်က မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူများအား ဝင်ရောက်တိုက်မိ၍ လမ်းဖြတ်ကူးသူ အမျိုးသမီး နှစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် ည ၁၀ နာရီ ၄၀ မိနစ်တွင် သန်လျင်မြို့နယ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်လမ်းထိပ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း တောင်မှ မြောက်သို့ မြောက်ဥက္ကလာပမြို့နယ်၊ (ဂ)ရပ်ကွက်နေ နေလင်းထွဋ်(၄၄)နှစ် မောင်းနှင်လာသည့် 5Q/XXXX ERTIGA မော်တော်ယာဉ်သည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်လမ်းထိပ်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာနေ မနှင်းနှင်းဝေ(၃၆)နှစ်နှင့် တစ်ရွာတည်းနေ ဒေါ်ညိုညိုအေး(၄၉)နှစ်တို့အား ဝင်ရောက်တိုက်မိခဲ့သဖြင့် မနှင်းနှင်းဝေနှင့် ဒေါ်ညိုညိုအေး တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် နေလင်းထွဋ် အား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
 
 
 
   
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူများအား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။