မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက် ၇၃ လမ်း၊ ဒင်္ဂါးလမ်းသွယ်(၂) လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ၇၃ လမ်းအတိုင်း တောင်မှမြောက်သို့ သာယာဝတီမြို့၊ ဆရာစံမြို့သစ်ရပ်ကွက်နေ လင်းထက်အောင်(၂၈)နှစ် မောင်းနှင်လာသည့် KYN-3K/XXXX NISSAN DIESEL ယာဉ်သည် အနောက်ဘက်သို့ ချိုးကွေ့စဉ် ၇၃ လမ်းအတိုင်း မြောက်မှ တောင်သို့ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်နေ ဦးသောင်းရွှေ (၆၀)နှစ် မောင်းနှင်ပြီး မခိုင်စုပုံချစ်(၇)နှစ် လိုက်ပါလာသည့် 52W/XXXX SUPER ANBO-125 ဆိုင်ကယ်အား ချိတ်တိုက်မိခဲ့၍ ဦးသောင်းရွှေနှင့် မခိုင်စုပုံချစ် တို့တွင် ဒဏ်ရများရရှိခဲ့သောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ဦးသောင်းရွှေမှာ သေဆုံးသွားခဲ့သောကြောင့် လင်းထက်အောင် အား ပြည်ကြီးတံခွန်မြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်စဉ်မှ မှတ်တမ်းဓာတ်ပုံ။