မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက်က လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၅ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ပျဉ်းကတိုးကုန်းကျေးရွာနေ ချစ်ဟိန်းနိုင်(ခ)ချစ်ဟိန်း(၁၉)နှစ်၊ မုက္ခမူကျေးရွာနေ သန့်ဇင်အောင်(၃၇)နှစ်၊ ဘီလင်းမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဘီးလင်းမြို့နေ ယဉ်ဝင်းပိုင်(၃၈)နှစ် တို့အားလည်းကောင်း၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သီရိမြိုင်ရပ်ကွက်နေ မျိုးဝင်းသန်း(၁၈)နှစ်နှင့် ချောင်းဆုံမြို့နယ်၊ ကတောင်စိန်ကျေးရွာနေ ကျော်နိုင်(၃၈)နှစ်တို့အားလည်းကောင်း။
အလားတူ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဘားအံမြို့နေ ဆက်ပိုင်ထူး(ခ)ဆက်ပိုင် (၂၈)နှစ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာနေ ဝင်းအေး(၂၇)နှစ်နှင့် မုတ္တမမြို့နေ အောင်မျိုးမင်း(၂၅)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။







မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။