Language: Myanmar English

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိ

     ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက်တွင် လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီတွင် မိုင်းပျဉ်းမြို့နယ်၊ ပိန်းဆန်ရပ်ကွက်၊ ကျိုင်းတုံ- တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၅၃၀ မိုင်နှင့် ၅၃၁ မိုင်ကြား၌ မိုင်းပျဉ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ကျိုင်းတုံမြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ကျေးသီးမြို့နယ်၊ ရပ်ကွက်(၄)နေ စိုင်းဩစိန္ဒ(၂၈)နှစ် မောင်းနှင်လာသည့် SHN-7 7J/XXXX HINO-PROFIA ၁၂ ဘီးယာဉ်အားလည်းကောင်း၊ စိုင်းနာလိန်(၄၈)နှစ် မောင်းနှင်လာသည့် YGN-31/1H-XXXX HINO-PROFIA ၁၂ ဘီးယာဉ်အားလည်းကောင်း၊ စိုင်းဆိုင်(၃၅)နှစ် မောင်းနှင်လာသည့် SHN-7/7N-XXXX HINO-PROFIA ၁၂ ဘီး ယာဉ်အားလည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့် မိုင်းပျဉ်းမြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
 
 
    
ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိမှုမှတ်တမ်းဓာတ်ပုံ။