Language: Myanmar English

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာ၊ အလယ်လမ်းရှိ နေအိမ် မီးလောင်မှု

    ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာ၊ အလယ်လမ်းရှိ ပိုင်ရှင် ဦးသန်းရွှေ၏ ၁၁ x ၂၅ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်၌ ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီး မွေ့ယာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါဖြစ်စဉ်ကြောင့် ၁၁ x ၂၅ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသန်းရွှေ အား သံဖြူဇရပ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။