Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ မော်တော်ယာဉ်မှ ၎င်းရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ မော်တော်ယာဉ်မှ ၎င်းရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
      ဖြစ်စဉ်မှာ ဇူလိုင် ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ် “CHANGAN” ကားအရောင်းပြခန်းရှေ့၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းဓမ္မလမ်းအတိုင်း မြောက်မှ တောင်သို့ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ နိုင်ကိုလတ်(၄၃)နှစ် မောင်းနှင်သည့် YGN-19/1H-XXXX CANTER မော်တော် ယာဉ်သည် “CHANGAN” ကားအရောင်းပြခန်းရှေ့အရောက်၌ လားရာတူ ၎င်း၏အရှေ့မှ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်(၄)နေ ကျော်ဇင်ကို(၂၆)နှစ် မောင်းနှင်သည့် CHANGAN CS-75 Plus မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ရာ CHANGAN CS-75 မော်တော်ယာဉ်မှာ လမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်အား ထပ်မံတိုက်မိခဲ့သဖြင့် မော်တော်ယာဉ် နှစ်စီးနှင့် လျှပ်စစ်ဓာတ်တိုင်တို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သောကြောင့် နိုင်ကိုလတ် အား ဘုရင့်နောင်နယ်မြေရဲစခန်း ယာဉ်(ပ)၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ မော်တော်ယာဉ်မှ ၎င်းရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။