Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၆/၂ နှင့် ၆၆/၃ ကြား၌ မော်တော်ယာဉ် တိမ်းမှောက်မှု 

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၆/၂ နှင့် ၆၆/၃ ကြား၌ နေပြည်တော်မှ ရန်ကုန်သို့ ဂေါ်ဖီထုပ်များ တင်ဆောင်၍ ယာဉ်မောင်း ဇင်မင်းထူး(၃၂)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် MDY-27/5K-XXXX MITSUBISHI FUSO အမျိုးအစား ခြောက်ဘီးမော်တော်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အုတ်ရှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။ 
     အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် MITSUBISHI FUSO ခြောက်ဘီးမော်တော်ယာဉ်၏ ရှေ့လေကာ မှန်ကွဲ၊ ဝဲနောက်ကြည့် မှန်ကွဲ၊ ဝဲဘက်ခြမ်း ဘော်ဒီပိန်ချိုင့် ပျက်စီးခဲ့ပြီး မော်တော်ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ  ယာဉ်မောင်း ဇင်မင်းထူး အား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။