Language: Myanmar English

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ သဘာဝဘေးဒဏ်ခံခဲ့ရသည့် ခေါင်းနွဲ့ကျေးရွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ သဘာဝဘေးဒဏ်ခံခဲ့ရသည့် ခေါင်းနွဲ့ကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ရေရရှိရေး၊ မီးရရှိရေး၊ အိမ်နေရာချထားနိုင်ရေးနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
    
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ သဘာဝဘေးဒဏ်ခံခဲ့ရသည့် ခေါင်းနွဲ့ကျေးရွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။