Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး သရုပ်ပြပွဲအခမ်းအနား တက်ရောက် 

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရေး သရုပ်ပြပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၁၂၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
    
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး သရုပ်ပြပွဲအခမ်းအနား တက်ရောက်မှု မှတ်တမ်းဓာတ်ပုံ။