Language: Myanmar English

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ငွေကျပ် ၆၁၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ခြင်္သေ့လမ်းရှိ ဒေါန(၇၄)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသော Happy Water ၀ ဒသမ ၄၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၁၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၄၉၅ သိန်း)နှင့် ကတ်တမင်း ၁ ဒသမ ၁၇ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၁၇ သိန်း) တို့အား ဖမ်းဆီးရမိသဖြင့် ဒေါန အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
 
 
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။