၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ ရွှေကြက်ယက်ဆိပ်ကမ်း၌ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဇက်ရေယာဉ်ဖြင့် မန္တလေးဘက်မှ စစ်ကိုင်းဘက်သို့သွားမည့် မော်တော်ယာဉ်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂)ရပ်ကွက်နေ သက်နိုင်ဦး(၄၅)နှစ် မောင်းနှင်လာသည့် MGY-10/2P-XXXX MITSUBISHI FUSO အပြာရောင် ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ရေသန့်ကတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒီဇယ်ဆီပီပါ ၂၀ လုံး (တစ်ပီပါလျှင် ၄၂ ဂါလန်ဖြင့် ပီပါ ၂၀ လုံး၊ ၈၄၀ ဂါလန်ခန့်) အား တရားမဝင် အထောက်အထားမဲ့ သယ်ဆောင်လာသည်ကို စစ်ဆေတွေ့ရှိရသဖြင့် သက်နိုင်ဦး အား အမရပူရမြို့မရဲစခန်း (ပ)၂၄၀/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။