၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်က မွန်ပြည်နယ်ရှိ မြို့နယ်အချို့တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ စီးနင်းအသုံးပြုသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာနေ မိုးဝင်း(၄၁)နှစ်အား လိုင်စင်မဲ့ဘေးတွဲဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒိုင်ကျေးရွာနေ ရန်ပိုင်ဦး(ခ)ချစ်ဦး(၃၄)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
အလားတူ ဇူလိုင် ၇ ရက်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နေ စိုးအောင်(၂၆)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတွန်ကျေးရွာနေ အုန်းလှိုင်(၄၇)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်နေ ပြည့်စုံအောင်(၃၃)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ခိုက်ကျေးရွာနေ ဖိုးဝေ(၅၁)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လက်ပံကျေးရွာနေ မင်းမင်းထွန်း(၄၄)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာနေ မျိုးလွင်ဦး(၃၀)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် မိုးဝင်း၊ ရန်ပိုင်ဦး(ခ)ချစ်ဦး၊ စိုးအောင်၊ အုန်းလှိုင်၊ ပြည့်စုံအောင်၊ ဖိုးဝေ၊ မင်းမင်းထွန်းနှင့် မျိုးလွင်ဦးတို့ ရှစ်ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။








မွန်ပြည်နယ်ရှိ မြို့နယ်အချို့တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ စီးနင်းအသုံးပြုသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။