၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ ကန်ကြီးရပ်၊ သတိပဋ္ဌာန်(၆)လမ်းရှိ ပိုင်ရှင် ဦးရဲထွဋ်၏ ၁၅ x ၁၅ ပေ သားရေကွင်းမှိုင်းခံရုံ၌ ရော်ဘာသားရေကွင်းများ မှိုင်းခံထားရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ၁၅ x ၁၅ ပေ သားရေကွင်းမှိုင်းခံရုံ တစ်ရုံ၊ ရော်ဘာပေါင် ၁,၇၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးရဲထွဋ် အား မုဒုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။