Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဦးဩဘာသလမ်း၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် နံနက် ၇ နာရီ ၃၅ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဦးဩဘာသလမ်းဘေး၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၇ ပေ၊ အမြင့် ၅၀ ပေခန့်ရှိ ကန္တာရပင်သည် အမြစ်လှန်၍ လဲကျနေကြောင်း သတင်းရရှိသဖြင့် မင်းဘူးမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။