၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းဝင်တောင်သူများအား မြို့နယ်သမအသင်းစု “ဝေမာ” ကုမ္ပဏီနှင့် “ကျော်စောလင်း” ကုမ္ပဏီတို့မှ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင် တက်ရောက်၍ တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ တောင်သူများသို့ သွင်းအားစုများ
ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။