၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပုံဝိုင်းလောင်းကစား ပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စာတိုးကျေးရွာ၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာအတွင်းရှိ လမ်းဘေးသစ်ပင်အောက်၌ ပုံဝိုင်းလောင်းကစားပြုလုပ်နေသူ အဆိုပါကျေးရွာနေ ချစ်သူရ(ခ)ကိုတိုး (၃၄)နှစ်အား ပုံဝိုင်းလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ချစ်သူရ(ခ)ကိုတိုး အား မြစ်ငယ်နယ်မြေရဲစခန်း (ပ)၈၅/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပုံဝိုင်းလောင်းကစားပြုလုပ်သူ အမျိုးသား
တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။