၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ် (၁)ရပ်ကွက်အတွင်း တောင်ငူမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်ကွန်ကရစ်လမ်းမပေါ်အရောက်၌ တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်နေ မင်းမင်းအောင်(၂၉)နှစ်သည် ဓားဦးချွန် တစ်ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိသဖြင့် တောင်ငူမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၁၂၃/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား
တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။