၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ မြို့ရှောင်လမ်း၌ မော်လမြိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာနေ သုကိုကိုလတ်(၄၂)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ စက်မှုဇုန်လုံခြုံရေးဂိတ်၌ စက်မှုဇုန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိ ရပ်ကွက်နေ ညိုမင်းစိုး(၅၀)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် (၁)ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဟောင်း၌ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့နယ်၊ ကြာဖြူကျေးရွာနေ ဘိုဘို(၂၉)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာ ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဘိုးလှကြီးရပ်ကွက်နေ ဇော်လင်းစိုး (၄၀)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် သုကိုကိုလတ်၊ ညိုမင်းစိုး၊ ဘိုဘိုနှင့် ဇော်လင်းစိုးတို့ လေးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ
ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။