Language: Myanmar English

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

        ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးကောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့နယ်၊ နန့်ရင်းရပ်ကွက်အတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် နန့်ရင်းရပ်ကွက်ရှိ ဆမာဒူဝါးခွန်ဆိုင်းလီလမ်းအတိုင်း မြောက်မှ တောင်သို့ မိုးကောင်းမြို့၊ ရွာသစ်ရပ်ကွက်နေ ဝင်းဇော်ထက်(၂၇)နှစ် မောင်းနှင်လာသည့် YGN-18/1D-XXXX TOYOTA Mark II  မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဝင်းဇော်ထက် အား မိုးကောင်းမြို့မရဲစခန်း (ပ)၄၁/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး 
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။