Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ မော်တော်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသမီး တစ်ဦး သေဆုံး

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ မော်တော်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
      ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်လမ်းမကြီး အရန်မီးသတ်ရုံးအနီး၌ ဘုရားကိုင်လမ်းဆုံဘက်မှ အရှေ့သိမ်လမ်းဆုံဘက်သို့ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်နေ သူရဇော်(၂၃)နှစ် မောင်းနှင်သည့် AYY-XXXX WAVE 125 မော်တော်ဆိုင်ကယ်သည် လမ်းဖြတ်ကူးသူ တစ်ရပ်ကွက်တည်းနေ ဒေါ်မြင့်(၈၃)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်မြင့်တွင် ထိခိုက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် သူရဇော် အား မြိတ်မြို့မရဲစခန်း ယာဉ်(ပ)၁၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ မော်တော်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ 
လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိခဲ့သူ၏ မှတ်တမ်းဓာတ်ပုံ။