Language: Myanmar English

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီး အရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ သုံးလုံးထီ လောင်းကစား ပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်ရွှေ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ညောင်ရွှေမြို့၊ နန္ဒဝန်ရပ်ကွက်၊ မိုင်းသောက်မီးပွိုင့်လမ်းဆုံ၌ မသင်္ကာဖွယ်တွေ့ရှိသူ အဆိုပါရပ်ကွက်နေ ဦးမောင်ထူး(၅၀)နှစ်အား ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၄၄,၀၀၀ ကျပ်အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဦးမောင်ထူး အား ညောင်ရွှေမြို့မရဲစခန်း (ပ)၄၈/၂၀၂၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။