၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဦးချွန် ဓားရှည် တစ်ချောင်း ကိုင်ဆောင်ရမ်းကားနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဇမ္ဗူသီရိမြို့၊ အောင်ဇမ္ဗူရပ်ကွက်အရောက်၌ အဆိုပါရပ်ကွက်နေ အောင်ဇော်ဖြိုး (ခ)ဖြိုးကြီး(၂၁)နှစ်သည် အရိုး/အသွား ၂၀ လက်မခန့်ရှိ ဦးချွန်ဓားရှည် တစ်ချောင်းအား ကိုင်ဆောင် ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် အောင်ဇော်ဖြိုး(ခ)ဖြိုးကြီး အား အမှတ်(၁)မြို့မရဲစခန်း (ပ)၆၅/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဦးချွန်ဓားရှည် တစ်ချောင်း ကိုင်ဆောင် ရမ်းကားနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။