၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၉ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (ခ)ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် ဆန်ဆိုင်းဈေးလမ်းဆုံ၌ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် “1G1” ဟိုတယ်ဘက်မှ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားဘက်သို့ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်နေ စိုင်းဟန်လှိုင်း(၂၉)နှစ် မောင်းနှင်လာသည့် YGN-21/1K-XXXX TOYOTA LEXUS အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် စိုင်းဟန်လှိုင်း အား တာချီလိတ်မြို့မရဲစခန်း (ပ)၁၄၀/၂၀၂၅၊ ပို့ကုန်သွင်းကုန်းဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။