၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ရန်ကုန်စက်မှုဇုန်၊ အမှတ် (၂၁၇/ ၂၁၈/၂၁၉/၂၂၀) ရှိ Myanmar Consumer Beverages Limited မှ CMP စနစ်ဖြင့် အချိုရည်အမျိုးမျိုး ထုတ်လုပ်မှုလုပ်ငန်း၌ အသုံးပြုသော ထိန်းချုပ်ဓာတုပစ္စည်း သိုလှောင်ထိန်းသိမ်းခွင့်ရရှိရေး ဆောင်ရွက်ထားရှိမှုအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော် ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ခိုင်၊ ကုမ္ပဏီတာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ရန်ကုန်စက်မှုဇုန်၌ လုပ်ငန်းသုံးထိန်းချုပ်ဓာတုပစ္စည်း သိုလှောင်ထိန်းသိမ်းထားရှိမှုများအား ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။