Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၈ ရက် ညနေ ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် သတင်းအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အေးသာယာကျေးရွာအနီး၌ မန္တလေးမှကလေးသို့ နိုင်လင်းအောင်(ခ)မွှေးနီ မောင်းနှင်ပြီး ဇော်မျိုးနိုင်(ခ)သားငယ် လိုက်ပါလာသည့် MDY-14/8I-XXXX I ZONE အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို (ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံ) အား ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများအား မန္တလေးတိုင်းမှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူမှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ ငြိမ်းချမ်းအောင် ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်။