Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ သတိပဋ္ဌာန်လမ်းပေါ်၌ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်နေ ဇင်ကိုလွင်(၃၆)နှစ် မောင်းနှင်လာသည့် MDY-12/7M-XXXX TOYOTA LUXUS အဖြူရောင်မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ဇင်ကိုလွင် အား တာမွေမြို့မရဲစခန်း (ပ)၂၃၂/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။